Print

ခြေဖနောင့်ကွဲခြင်းနဲ့ ခြေထောက်နံခြင်းတွေကို အိမ်တွင်းကုထုံးများဖြင့် က...

  29-Oct-2016
Preview Image

ဆောင်းရာသီမှာ ခြေထောက်အဆီထွက်တာ နည်းတဲ့သူတွေဟာ ခြေဖနောင့်တွေ

ကွဲတတ်ကြပြီးတော့ ရှူးဖိနပ်တွေ ၀တ်ဆင်တဲ့သူတွေဟာ ခြေအိတ်တွေကြောင့် အနံ့ဆိုးတွေ နံတတ်ကြပါတယ်။ ဒီနည်းလမ်းလေးကတော့ အိမ်တွင်းကုထုံးလေးတွေပါ။

အရင်ဆုံး ခြေဖနောင့်ကွဲတာကိုတော့ နာနတ်သီးအခွံကို အသုံးပြုနိုင်ပါတယ်။ နာနတ်သီး

အခွံကို ကွဲနေတဲ့ ခြေဖနောင့်ကို ပွတ်တိုက်ပေးပြီးတော့ ငါးမိနစ်လောက် ပွတ်တိုက်ပါ။

ပြီးရင် ရေနဲ့ ပြောင်စင်အောင်ဆေးပါ။ နာနတ်သီးက အရေပြားက ဆဲလ်သေတွေကို ဖယ်ထုတ်နိုင်စွမ်းရှိပါတယ်။ ပြုလုပ်ပြီးရင်တော့ ခြေထောက်ကို အစိုဓါတ်ထိန်းတဲ့

ခရင်လိမ်းပေးထားပါ။ ခရင်မရှိရင်လဲ လိုးရှင်းတစ်မျိုးမျိုးကို လိမ်းထားပါ။ တကယ်လို့

သင့်မှာ အမွှေးရိတ်ခရင်မ် ရှိရင် အရင်ဆုံး ခြေဖနောင့်ကို သုတ်လိမ်းထားပါ။

ပြီးရင်တော့ ရေဇလုံတစ်ခုထဲမှာ ရေနွေးထည့်ပြီးတော့ Listerine အရည်အနည်းငယ်

ထည့်ပါ။ပြီးရင်တော့ အဝတ်စတစ်စကို အဲဒီရေထဲမှာ စိမ်ထားပါ။ အမွှေးရိတ်ခရင်ကို

ခြေဖနောင့်မှာ ပွတ်တိုက်ပေးပါ။ ပြီးရင်တော့ ဇလုံထဲခြေထောက်ထည့်ပြီးတော့ အဝတ်စနဲ့ ထိုနေရာကိုပွတ်ပါ။ ဆဲလ်သေတွေ ကွာကျသွားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ပြီးရင်တော့ ရေပြောင်အောင်ဆေးပြီးတော့ အစိုဓါတ်ထိန်းခရင်မ် လိမ်းထားပေးရမှာပါ။

 

ခြေထောက်အနံ့နံခြင်းကို ကုသရန်

----------------------------------------

 

ခြေထောက်အနံ့နံတယ်ဆိုတာ ခြေထောက်ထဲက ခြေအိတ်၊ ဒါမှမဟုတ် ဖိနပ်တွေမှာ

ရှိတဲ့ ဘက်တီးရီးယားတွေကြောင့်ပါ။ ချွေးနဲ့ လေနဲ့ ပေါင်းစပ်ပြီးတော့ ဖြစ်လာတဲ့

ဘက်တီးရီးယားတွေပါ။

 

အမြန်ဆုံးကုသနည်းကတော့

--------------------------------

 

ရေဇလုံထဲမှာ ရေ၁ဂါလံနဲ့ အကြမ်းဖန်ခွက်၁ခွက်စာ Hydrogen Peroxide အနည်းငယ် ထည့်ပြီးတော့ အဲဒီထဲမှာ ရေစိမ်ပါ။ အဲဒီဖျော်ရည်ဟာ ဘက်တီးရီးယားတွေကို သုတ်သင်နိုင်ပြီးတော့ အနံ့တွေကို ပျောက်ကင်းစေပါတယ်။ တစ်ပါတ်ကို သုံးခါ

လုပ်ပေးနိုင်ပြီးတော့ အနံ့ပျောက်ကင်းသွားရင် ဆက်မလုပ်သင့်တော့ပါဘူး။ မုန့်ဖုတ်

ဆိုဒါကို အသုံးပြုနိုင်ပါတယ်။ ခြေထောက်နံ့တတ်တဲ့ ဖိနပ်။ အချို့ဖိနပ်တွေက အနံ့နံနေကြပါတယ်။ အဲဒီထဲကို မုန့်ဖုတ်ဆိုဒါ ဖြူးပြီးတော့မှ ဖိနပ်ကို လျှော်လိုက်ပါ။

ဖိနပ်ထဲကို ဆားရည်လောင်းထည့်ပြီး ခဏကြာမှ လျှော်တာလဲ ထိရောက်ပါတယ်။

ရှာလကာရည်ကိုလဲ အသုံးပြုနိုင်ပါတယ်။ တကယ်လို့ အပေါ်ကနည်းလမ်းတွေက

ခက်ခဲနေတယ်လို့ထင်ရင် သံပုုရာသီးကို အသုံးပြုနိုင်ပါတယ်။ အနံ့နံနေတဲ့ ခြေထောက်ကို သံပုရာသီးနဲ့ ပွတ်တိုက်ပေးခြင်းအားဖြင့် ခြေထောက်မှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယား

တွေကို သေစေနိုင်ပါတယ်။

 

Ref:

မောင်စိုင်း

Myawady Health

September 29 •2015

 



Related Articles


Advertisment 18